class="post-thumbnail open-lightbox" href>
ကိုယ်ဝန်ရက်သတ္တပတ် (၂၀)ပတ်မှ (၂၃)ပတ်အတွင်း ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးကို ဖခင်လောင်းတွေက ဘယ်လို နားလည်ပြုစုမှုမျိုး ပေးသင့်သလဲ?
ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း ရောက်လာရင်ဖြင့် သင့်ဇနီးဟာ ဗိုက်သိသိသာသာထွက်လာပြီမို့ ကိုယ်ဝန်ရင့်မာလာပြီလို့ ဆိုနိုင်ပါတယ်။ အလေးအပင်မတဲ့ အလုပ်တွေ လုပ်မိတဲ့အခါ ခါးနာခြင်း ၊ ခြေလက်ယောင်ကိုင်ခြင်းတွေကို ကိုယ်ဝန်ဆောင်သည်ဇနီး ကြုံနိုင်တဲ့အတွက် မိမိနေအိမ်တွင် ဇနီးမလုပ်ခင် ကိုယ်က လုပ်ပေးရပါမယ်။
ကိုယ်ဝန်ရင့်မာလာတဲ့ဇနီးရဲ့ ကျောနဲ့ပုခုံးတွေကို ညင်ညင်သာသာလေး နှိပ်ပေးရင်ဖြင့် သူမ ခါးနာတာ ၊ အကြောတက်တာတွေ သက်သာလာနိုင်ပြီး သူမအပေါ် မိမိရဲ့ဂရုစိုက်မှုကိုလည်း သူမခံစားပျော်ရွှင်ရမှာပါ။ ကိုယ်ဝန်ရင့်လာတဲ့ ဒီအချိန်ကစပြီး သူမ စိတ်သက်သာ ၊ ပျော်ရွှင်စေမယ့်စကားတွေကို ရွေးပြောပေးတာဟာ သူမအတွက် စိတ်ရောလူပါ အနားရစေတယ်။ ဒါဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ယခုအချိန်ကစပြီး ဖခင်လောင်းက မိခင်လောင်းကို တိုးလို့ကြင်နာပြီး ၊ မိခင်လောင်းကတော့ မိမိနဲ့ ဗိုက်ထဲက ကလေး ပျော်ရွှင်ကျန်းမာဖို့ အထူးဂရုစိုက် နေထိုင်စားသောက်ပေးရပါမယ်။
ဘာဆက်လုပ်ရမလဲ?
- မေးခွန်းတွေဆက်ဖတ်မယ် ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့်
- ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့် နဲ့ ပတ်သက်လို့ CHAT Room မှာ ဝိုင်းဆွေးနွေးမယ်။
ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။
အဆင့်(၁)
- ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ် ဒီမှာ ဒေါင်းလုတ်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။
အဆင့်(၂)
ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီမှာ ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။