class="post-thumbnail open-lightbox" href>
ကိုယ်ဝန်ဆောင်သည်တွေ ရှောင်ရမယ့်ငါးအမျိုးအစားတွေကဘာလဲ?
ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ငါးများကို လတ်လတ်ဆတ်ဆတ် ကြော်လှော်ချက်ပြုတ် စားသောက်ခြင်းသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေတဲ့အတွက် အသားနှင့်ငါး ရွေးစရာရှိပါက ကိုယ်ဝန်ဆောင်သည်များသည် ငါးကို ကိုယ်ဝန်ဆောင်ကာလအတွင်း ပိုမိုစားသုံးသင့်ပေသည်။ သို့ပေမယ့် ရက်သတ္တ တစ်ပတ်လျှင် ငါးပမာဏ (၁၂)အောင်စထက်တော့ ပိုမစားသင့်ပေ။
သို့ရာတွင် ဓါးရှည်နှုတ်သီးငါး (swordfish) ၊ ငါးမန်း (shark) ၊ tilefish တို့အပြင် နှစ်ရှည်နေထိုင်ကြသော ငါးအသားများကို စားခြင်းမှ ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းတို့၏အသားတွင်းပါဝင်သော mercury ဟုခေါ်သည့် ပြဒါးပမာဏမှာ ကိုယ်ဝန်ဆောင်သည်များ စားသုံးသင့်သည့် ပမာဏထက် ပိုမိုပါဝင်နေသောကြောင့်ဖြစ်သည်
ထိုကဲ့သို့သော သားကြီး ၊ ငါးကြီးမျိုးများအား ကိုယ်ဝန်ဆောင်စဉ် ကာလတွင်သာမက ကလေးအသက် လေးနှစ်အရွယ်အထိ ရှောင်ကြဉ်သင့်ကြောင့်လည်း သတိချပ်သင့်ပေသည်။
ဘာဆက်လုပ်ရမလဲ?
- မေးခွန်းတွေဆက်ဖတ်မယ် ကိုယ်ဝန်ဆောင်သည်လက်စွဲ
- ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ ပတ်သက်လို့ CHAT Room မှာ ဝိုင်းဆွေးနွေးမယ်။
ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။
အဆင့်(၁)
- ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ် ဒီမှာ ဒေါင်းလုတ်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။
အဆင့်(၂)
ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီမှာ ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။