class="post-thumbnail open-lightbox" href>
စိတ်ချရတဲ့ရက်တွေကို တွက်ချက်လို့မရသူများ ဘာလုပ်သင့်သလဲ?
ရာသီမှန်မှန် မပေါ်တဲ့အမျိုးသမီးတွေဟာ (သုံးရက်ထက်ပိုပြီး ရာသီပေါ်လေ့ရှိသူတွေဟာ) ရာသီပုံမှန်မပေါ်တဲ့အတွက် စိတ်ချရတဲ့ရက်တွေကို လုံးဝစိတ်ချပြီး အတူနေထိုင်ခြင်း မပြုသင့်ပါဘူး။ ရာသီစောလာတာ ၊ နောက်ကျလာတာတွေ ဖြစ်တတ်သူတွေဟာလည်း စိတ်ချရတဲ့ရက်တွေကို တွက်ချက်ပြီး အတူနေထိုင်ခြင်း မပြုသင့်ပါဘူး။ ကလေးရဖို့ Risk ရှိနေနိုင်ပါတယ်။
ကလေးမွေးပြီးစ အမျိုးသမီးတွေအတွက်တော့ ထိုဇယားဟာ အသုံးဝင်မှာမဟုတ်ပါဘူး။ ကလေးမွေးပြီးစ နို့တိုက်မိခင်ဟာ (၄၅)ရက်အတွင်းသာ သွေးဆင်းပြီး အဲဒီနောက်ပိုင်းမှာ မမျိုးဥမကြွေလို့ ရာသီသွေးရပ်သွားခဲ့တာ လေး ၊ ငါးလ ကြာပြီးမှ ရာသီပေါ်ပါတယ်။ တချို့ဆို ကိုးလကြာမှ ရာသီပြန်ပေါ်ပါတယ်။
ရာသီမှန်မှန်မပေါ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေဟာ ကလေးမလိုချင်ရင် သန္ဓေတားနည်းတွေထဲက ကိုယ်နဲ့သင့်တော်ရာကို အသုံးပြုရမှာဖြစ်ပါတယ်။
ဘာဆက်လုပ်ရမလဲ?
- မေးခွန်းတွေဆက်ဖတ်မယ် သန္ဓေတားခြင်း
- သန္ဓေတားခြင်း နဲ့ ပတ်သက်လို့ CHAT Room မှာ ဝိုင်းဆွေးနွေးမယ်။
ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။
အဆင့်(၁)
- ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ် ဒီမှာ ဒေါင်းလုတ်လုပ်ရပါမယ်။
- ပြီးရင် သန္ဓေတားခြင်း နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။
အဆင့်(၂)
ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီမှာ ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။