class="post-thumbnail open-lightbox" href>

မိခင်ရောကလေးပါ သက်တောင့်သက်သာရှိမည့် ကလေးနို့တိုက်သော ပုံစံများ

ပုံ(၁)ထဲမှ နို့ချိုတိုက်ကျွေးပုံမှာ ကလေးရော ၊ မိခင်ရော ကျန်းကျန်းမာမာ နှင့် ကလေးကို မိခင်က ပွေ့ဖက်ပြီး ထိုင်လျက် နို့ချိုတိုက်ကျွေးပုံဖြစ်သည်။ လက်၏အောက်တွင် ခေါင်းအုန်း မမာ မပျော့ (သို့မဟုတ်) Feeding Cusion / Pillow တို့ခံပြီး ထိုင်လျက် နို့ချိုတိုက်ကျွေးပါက မိခင်နှင့် ကလေးအတွက် ပိုသက်တောင့်သက်သာရှိသည်။ ခေါင်းအုန်းခံပြီး နို့တိုက်ပါက မိခင်က ခါးညွတ်ပြီး ကလေးကို နို့ချိုတိုက်ကျွေးရလို့ ခါးနာခြင်းဝေဒနာမှလည်း သက်သာမည်ဖြစ်သည်။

ပုံ(၂)ထဲမှ နို့ချိုတိုက်ကျွေးပုံမှာမူ မွေးကင်းစ ကလေးငယ်များအား လည်းကောင်း ၊ လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားလာသည့် ကလေးငယ်များအား လည်းကောင်း ၊ နို့သီးခေါင်း ခပ်တိုတိုသာရှိသော သားမြတ်သေးသည့် မိခင်များအတွက် သင့်တော်ကြောင်း သိရသည်။ ကလေး၏ ခန္ဓာကိုယ် နှင့် တင်သားတို့အား သင့်လက်ဖျံဖြင့် ထိန်းထားပေးရန် အထူးအရေးကြီးသည်။

ပုံ(၃)ထဲမှ နို့ချိုတိုက်ကျွေးပုံမှာမူ သားမြတ်ကြီးကြီး ငယ်ငယ်မရွေး ဗိုက်ခွဲမွေးထားသည့် မိခင်များအတွက် အထူးသင့်လျော်သောပုံဖြစ်သည်။

ပုံ(၄)ထဲမှ နို့ချိုတိုက်ကျွေးပုံမှာမူ ဗိုက်ခွဲမွေးထားသည့် မိခင်များအတွက် ကောင်းမွန်ရုံမျှမက ညရေးညတာ နို့တိုက်ကျွေးသည့် မိခင်များအတွက်လည်း ကောင်းမွန်သော နို့တိုက်ကျွေးပုံဖြစ်သည်။ ထိုပုံစံသည် ကလေးနို့တိုက်ရင်း ကိုယ်တိုင်လည်း အနားယူနိုင်ပြီး ကလေးအိပ် ၊ ကိုယ်အိပ်နိုင်သည့် နို့တိုက်ကျွေးပုံဖြစ်သည်။
နို့တိုက်ဖို့အချိန်ရောက်လာချိန်မှာ ကလေးအိပ်နေလျှင်လည်း ကလေးအား နို့တိုက်ကျွေးရမည်ဖြစ်ရာ အိပ်နေသော ကလေးပါးစပ်နား နို့သီးခေါင်းထည့်ပေးပြီး နိုးထစေလျှင် ဗိုက်ဆာသည့်ကလေးဟာ နို့ကိုသောက်စို့မည်ဖြစ်သည်။
အထူးသတိထားရမည်မှာ ကလေးအားနို့တိုက်ကျွေးချိန်တွင် မိခင်မှ သတိမထားမိဘဲ ငိုက်မြည်းသွားခဲ့၍ မိမိရင်သွေး၏နှာခေါင်းအား နို့ဖြင့်ဖိထားမိသလို အနေအထားဖြစ်နေပါက ကလေးဟာ အသက်ရှူမွန်းကြပ်နိုင်ပါသည်။ (မွေးကင်းစ အနှီးထုပ်ထားတဲ့ကလေးဟာ နို့ကိုဖယ်ထုတ်လို့ မရုန်းကန်နိုင်ဘူးလေ။) အချိန်မီသတိမထားမိရင် ကလေးဟာ အသက်ရှူမွန်းကြပ်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ရတု (Burmesehearts.com)