class="post-thumbnail open-lightbox" href>
ရန်ကုန်လေဆိပ်မှသမိုင်းသစ်
ရင်ထဲမှာလေးလံ
စိတ်တွေလည်းနောက်ကျိ
ရှင်သန်ထမြောက်ဖို့ဆန္ဒတွေ
ဖြစ်မလာနိုင်မှန်းသိပေမယ့်
ဘာထူးမလဲသတင်းမျှော်
နာရီလက်တံတွေနော်
နှုတ်ဆွံ့အသွားအောင်မင်သက်မိလို့
ဘာကြောင့်ဆို … Hero နှစ်ဦးဆုံးသွားလို့
တန်ဖိုးရှိသူကို တန်ဖိုးမဲ့သူလုပ်ကြံလို့
မြေးချီထားသူကိုသေနတ်တေ့ပြီးပစ်ခဲ့လို့
လက်နက်ကိုင်ကို ခဲကိုင်ပြီးအသက်စွန့်သူကြောင့်
ငါ့ရင်ထဲမှာလေးနေတယ်
အံကြိတ်ပြီးမခံချိမခံသာနဲ့
ရက်စွဲပြောင်းတဲ့စာတစ ခပ်တိုးတိုးရွတ်ဆို
မျက်ရည်သွန်လို့ဘဝင်ညှိုး
ဇန် န ဝါ ရီ ၂၉
သမိုင်းဆိုးတို့ရဲ့အမွေ
သူတို့ပေးဆပ်ခဲ့သလေ
ပြည်သူတို့မှာ ရတက်ပွေ
ရန်ကုန်လေဆိပ်မှာ သမိုင်းသစ်တွင်ပလေ။
ဇူဇူးစံ (Burmesehearts.com)