class="post-thumbnail open-lightbox" href>

လက်ဗလာ
ငါဆိုတာမရှိတဲ့ခန္ဓာကိုယ်ကြီးထဲ
အစွဲတွေပြွတ်သိပ်ထည့်
(ငါ့အတွက်) အတ္တဆိုတာလိမ်းကျံရင်း
အချိန်ဇယားတွေနဲ့အလုပ်ရှုပ်
နေဝင်မိုးချုပ် အလုပ်တွေလုပ်ခဲ့တယ်။
လောကဓံနဲ့ နပန်းလုံး
စိန်ခေါ်မှုတွေမှာအသားကျတဲ့ငါ
သေဆုံးဖို့အတွက်မွေးဖွားခြင်း
ဒါကို သတိမရ
တခုတ်တရလည်း မတွေးမိပါဘူး။
ဝေဒနာပြင်းပြင်းအောက်
နောက်ကျတဲ့အသိကဝင်
မမြဲသည့်သဘောတရား
(အားလုံး) ထားခဲ့ရပြီလေ။
ဇူဇူးစံ (Burmesehearts.com)