class="post-thumbnail open-lightbox" href>
အဖြေ
ဘာကြောင့်ပိတ်လှောင်ထားတာလဲ
အချိန်ပေးတွေးမိတော့
လွတ်မြောက်နိုင်မယ့်လမ်း မတွေးမိတော့ဘူး။
သူ့အမှား၊ ကိုယ့်အမှား ငြင်းခုန်ကြရင်း
အမှန်ပြန်ပြင်လုပ်ကြဖို့ သတိမရတော့ဘူး။
ရှုံးနိမ့်မှုတွေအတွက် စိတ်ဓာတ်ကျနေရင်
အောင်မြင်ဖို့ အလှမ်းဝေးနေဦးမယ်။
ဆုံးရှုံးမှုတွေတမ်းတရင်း ငိုကြွေးနေရင်
ပိုင်ဆိုင်မှုတွေရှိလာဖို့ နောက်ကျနေဦးမယ်။
စွန့်ခွါသွားသူအတွက် လွမ်းဆွတ်ကြေကွဲနေရင်
အနားမှာရှိနေသူတန်ဖိုးကို သတိမထားမိဘူး။
ကုန်သွားတဲ့အချိန် သုံးနေတဲ့အင်အား
ပန်းနေတဲ့ကိုယ် မဟုတ်သေးတဲ့
ရလဒ်ရဲ့အဖြေဟာ လွဲနေတဲ့အာရုံ။
ဇူဇူးစံ (Burmesehearts.com)