class="post-thumbnail open-lightbox" href>
ကလေးမွေးလို့ ဗိုက်နာတယ်ဆိုတာ ဘယ်လိုခံစားမှုမျိုးလဲ?
(၁၀)မိနစ်တစ်ကြိမ် ဗိုက်နာတဲ့အခါ ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၃၀)ဝန်းကျင်ခံစားရမြှာ
(၅)မိနစ်တစ်ကြိမ် ဗိုက်နာတဲ့အခါ ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၆၀)ဝန်းကျင်ခံစားရမြှာ
(၁)မိနစ်ခြားတစ်ခါ ဗိုက်နာလာပြီဆိုရင်ဖြင့် မွေးခါနီးပြီမို့ ဗိုက်နာတဲ့အကြိမ် စိတ်လာသလို ဆက်တိုက်နာလာတာဖြစ်ပြီး ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၉၀)ဝန်းကျင် ခံစားရမှာဖြစ်ပါတယ်။ ဒီတော့ တအားညှစ်ထုတ် မွေးချင်စိတ်တွေ ဖြစ်ပေါ်လို့နေပါတယ်။ ဒီအချိန်မှာ သားအိမ်ဟာ (၈)စင်တီမီတာကနေ (၁၀)စင်တီမီတာသို့ ပွင့်လာပါပြီ။ သီးသန့်မွေးခန်းလိုမျိုးမရှိတဲ့ အစိုးရဆေးရုံတွေမှာ မွေးချိန်မှ မွေးခန်းထဲ ခေါ်မွေးရမယ့်လူနာတွေကို ဒီအချိန်မှာမှ မွေးခန်းထဲကို ခေါ်ဆောင်တတ်ပါတယ်။
ဗိုက်နာနေတဲ့မိခင်လောင်းဟာ စိတ်ကို အတတ်နိုင်ဆုံးလျှော့ထားပြီး ဗိုက်နာတာ ခံစားနေရတဲ့အခါ အသက်ကို ပုံမှန်ရှူပေးရပါမယ်။ ဗိုက်နာတာ ခဏတာရပ်သွားတာနဲ့ အသက်ကို တဝရှူပြီး သက်သာတဲ့ပုံစံနဲ့ အနားယူပါ။ မီးဖွားစဉ်ဗိုက်နာတဲ့ခံစားမှုဟာ ကလေးအပြင်ရောက်တာနဲ့ လုံးဝပျောက်သွားပါတော့တယ်။
ဘာဆက်လုပ်ရမလဲ?
- မေးခွန်းတွေဆက်ဖတ်မယ် ကိုယ်ဝန်ဆောင်သည်လက်စွဲ
- ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ ပတ်သက်လို့ CHAT Room မှာ ဝိုင်းဆွေးနွေးမယ်။
ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။
အဆင့်(၁)
- ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ် ဒီမှာ ဒေါင်းလုတ်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။
အဆင့်(၂)
ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီမှာ ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။