class="post-thumbnail open-lightbox" href>
မချစ်ချင်ချစ်ချင် ချစ်တဲ့သူ
မရေးချင်ရေးချင် ရေးခဲ့တဲ့စာတစ်မျက်နှာ
ချစ်တယ်တစ်ကြောင်းပါရုံနဲ့
မင်းကိုလွမ်းတိုင်း ဖွင့်ဖတ်တယ်။
မပေးချင်ပေးချင် ပေးခဲ့တဲ့လိုင်စင်ဓါတ်ပုံ
မင်းပုံဆိုတဲ့အသိနဲ့
ဆေးပျက်နေလဲသိမ်းထားတယ်။
မပို့ချင်ပို့ချင် ပို့ခဲ့တဲ့ မင်း Message
Miss u ဆိုတာလေးနဲ့
နှစ်ပေါင်းများစွာ စောင့်ခဲ့တယ်။
မနမ်းချင်နမ်းချင် နမ်းခဲ့တဲ့
ပါးနှစ်ဖက်က အနမ်းတစ်စုံ
ကွဲကွာခြင်းကြောင့် ကျွမ်းခဲ့တယ်။
ဇူဇူးစံ (Burmesehearts.com)