class="post-thumbnail open-lightbox" href>

Burmese Hearts မှာ သင်ခန်းစာနဲ့ ပို့စ်တွေ ရှာဖွေလေ့လာပုံ
Burmese Hearts မှာ ချစ်သူစုံတွဲတွေ ၊ ဇနီးမောင်နှံတွေ ၊ ကလေးမိဘတွေအတွက် သင်ခန်းစာနဲ့ ပို့စ်တွေ အမြောက်အမြား ရှိပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက် အခြေခံသင်ခန်းစာအချို့လည်းရှိပါတယ်။ လေ့လာဖတ်ရှုချင်ပေမယ့် Burmese Hearts မှာ ဘယ်ရှာရမှန်း ၊ ဘယ်လိုရှာရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီပို့စ်ကို ရေးဖြစ်တာပါ။
www.burmesehearts.com ကို သွားလိုက်ရင် အပေါ်မှာ မြင်ရသလို စမြင်ရမှာပါ။ အနီရောင်လေးထောင့်နဲ့ ဝိုင်းထားတာ Blog လေ။ ပို့စ်တွေဖတ်မယ်ဆိုရင် အဲဒီမှာ ကလစ်နှိပ်မယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ရှာချင်တဲ့ပို့စ်ကို ရှာမယ်ဆို အပြာရောင်နဲ့ ဝိုင်းထားတဲ့ ရှာရန်ဆိုတဲ့နေရာမှာ မြန်မာလိုစာရိုက်ထည့်ပြီးရှာမယ်။ Burmese Hearts က Zawgyi Myanmar Unicode စာလုံး(Font) အမျိုးအစားကို ကို သုံးပါတယ်။ ရှာရန်ဆိုတဲ့နေရာမှာ သန္ဓေတား ၊ တစ်လ ၊ ငါးလ စသဖြင့် ကိုယ်လိုချင်ရာ ရိုက်ထည့်လိုက်ပြီး ခဏစောင့်ရင် အဲဒါတွေနဲ့ ပတ်သက်တာတွေ ပြပေးမှာပါ။ More Results မှာ နှိပ်လိုက်ရင် အကုန်ပြပေးမယ်လေ။ အဲဒီထဲကမှ ကိုယ်ဖတ်ချင်ရာကို ကီးဘုတ်က Ctrl + Left Click နှိပ်ပြီး တခုချင်းစီ ဖွင့်ဖတ်သွားလို့ရပါတယ်။ မလိုဘူးဆိုရင် အဲဒီမှာပေါ်နေတဲ့ ကြက်နေခတ်လိုနေရာလေးမှာ နှိပ်လိုက်ရုံပါပဲ။
ခုနက ဝက်ဘ်ဆိုဒ်ဝင်ဝင်ချင်း စာမျက်နှာမှာ အနီရောင်လေးထောင့်နဲ့ ပြထားတဲ့ Blog ဆိုတဲ့နေရာမှာ ကလစ်နှိပ်လိုက်ရင် ဆိုတဲ့နေရာမှာ ကလစ်နှိပ်လိုက်ရင် အောက်မှာမြင်ရတဲ့ ပုံစံကို တွေ့ရမှာပါ။ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ ရှာရန် ဆိုတာ စာမျက်နှာတိုင်းရဲ့ အပေါ် ညာဘက်ထောင့်မှာ အမြဲတမ်းတွေ့နေရမှာပါ။ အညိုရောင်လေးထောင့်နဲ့ ပြထားတာကတော့ ကိုယ်ဘယ်စာမျက်နှာထဲ ရောက်နေတယ်ဆိုတာကို ပြပေးပါတယ်။ ကိုယ်က ခုနက ဝက်ဘ်ဆိုဒ်ဝင်ဝင်ချင်း စာမျက်နှာမှာ အနီရောင်လေးထောင့်နဲ့ ပြထားတဲ့ Blog ဆိုတဲ့နေရာမှာ ကလစ်နှိပ်လိုက်ရင် Blog နေရာမှာ လေးထောင့်ကွက်လေးပေါ်နေမှာပါ။ Courses မှာ ကလစ်နှိပ်ထားရင် အဲဒီမှာ လေးထောင့်ကွက်လေးပေါ်နေမှာပါ။
အနီရောင် လေးထောင့်နဲ့ ပြထားတာတွေကတော့ ဘယ် Category ထဲက ပို့စ်လဲလို့ ဖော်ပြနေတာဖြစ်ပါတယ်။ ကိုယ်က ကလေးနဲ့ ပတ်သက်တာတွေ လေ့လာချင်တယ်ဆို ကလေးရေးရာလို့ ပြထားတဲ့ အဲဒီနေရာမှာ ကလစ်နှိပ်လိုက်ရင် ကလေးရေးရာနဲ့ ပတ်သက်သမျှ ပို့စ်တွေကို စိတ်ကြိုက်ဖတ်လို့ရပါပြီ။ Relationship အပိုင်းမှာဆိုရင် ချစ်သူနှစ်ဦး ၊ ဇနီးမောင်နှံ ကနေ မိဘသားသမီး ဆက်ဆံရေးတွေအထိ ရေးသားထားတဲ့ပို့စ်တွေအကုန်ကို စိတ်ကြိုက်ဖတ်နိုင်ပါပြီ။ အောက်ဘက်ထိ ဆုံးသွားရင် နောက်စာမျက်နှာတွေက ပို့စ်တွေကြည့်ဖို့ 6 5 4 Next စတဲ့ စာမျက်နှာတွေမှာ ပြောင်းကလစ်နှိပ်ရုံပါပဲ။
ပို့စ်တွေက များလွန်းတော့ ကိုယ်ဝန်ဆောင်သည်တွေအတွက် သီးသန့်ရေးသားထားတဲ့ ကိုယ်ဝန်လအလိုက် ကလေးဖွံ့ဖြိုးမှု ၊ ကလေးမီးဖွားပြီးစမိခင်တွေနဲ့ပတ်သက်တာတွေ ၊ မွေးကင်းစကလေးနဲ့ပတ်သက်တာတွေ ၊ တစ်နှစ်အထိ လအလိုက် ကလေးဖွံ့ဖြိုးမှုအဆင့်ဆင့် စတာတွေကို ရေးသားထားတဲ့ပို့စ်တွေကို တစုတစည်းတည်း လေ့လာချင်သူတွေအတွက် ကဏ္ဍခွဲပြီး သင်ခန်းစာတွေ ဖန်တီးပေးထားပါတယ်။ ဒါဆို ကိုယ်နဲ့ ပတ်သက်တဲ့အပိုင်းကို လေ့လာရုံပဲလေ။ စိတ်တွေ ထွေပြားနေစရာမလိုတော့ဘူး။
ဒီလို သီးသန့်ကဏ္ဍခွဲထားတဲ့ သင်ခန်းစာတွေကို ကိုယ်နဲ့ ဆိုင်ရာ ၊ ဆိုင်ရာ လေ့လာချင်တယ်ဆိုရင် အပေါ်ဘက် Blog ဆိုတဲ့နေရာနဲ့ တတန်းတည်း အစပိုင်းမှာ Courses ဆိုတာ ရှိပါတယ်။ အဲဒီမှာကလစ်နှိပ်လိုက်ရမှာပါ။ အဲဒီမှာ ကလစ်နှိပ်ပြီးရင် ကိုယ်လေ့လာချင်တဲ့ သင်ခန်းစာကို အောက်ဘက်သွားကြည့်ရုံပါပဲ။
အညိုရောင်နဲ့ပြထားတာက ကိုယ်ဘယ်စာမျက်နှာရောက်နေသလဲလို့ ပြထားတဲ့ လေးထောင့်ကွက်ကလေးပါ။ အဲဒီမှာ အနီရောင်လေးထောင့်နောက်ခံနဲ့ရေးထားတဲ့ သင်ခန်းစာသင်ယူရန် ကို ပိုမြင်အောင် မြှားထိုးပြထားတယ်။ ကိုယ်သင်ယူချင်တဲ့သင်ခန်းစာတွေ့ပြီဆို အဲဒီသင်ခန်းစာသင်ယူရန်မှာ ကလစ်နှိပ်လိုက်ရုံပဲလေ။ Register မလုပ်ရသေးတဲ့သူဆိုရင် Register လုပ်ဖို့လိုပါမယ်။ Register လုပ်ခဲ့ပြီးသားသူတွေကတော့ Start taking this Course ဆိုတဲ့နေရာမှာ နှိပ်လိုက်ရုံပဲလေ။ သင်ခန်းစာကို တနေ့တည်း ပြီးအောင် မဖတ်နိုင်လို့ နောက်နေ့မှ ဆက်ဖတ်မယ်ဆိုရင် နောက်တခါ Log in ဝင်ပြီးတဲ့အခါ အောက်မှာ အပြာရောင် လေးထောင့်ကွက်လေးနဲ့ ပြထားတဲ့ My Courses နေရာမှာ ကလစ်နှိပ်လိုက်ရင် ကိုယ်သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို အကုန် ပြန်ပြပေးမှာဖြစ်ပါတယ်။ အဲဒီမှာ မပြီးဆုံးသေးတဲ့ သင်ခန်းစာကို ဆက်လေ့လာရုံပါပဲ။
Register မလုပ်ရသေးသူတွေက ခုနကပြောခဲ့တဲ့ သင်ခန်းစာသင်ယူရန် ဆိုတဲ့ အနီရောင်လေးထောင့်ကွက်မှာ ကလစ်နှိပ်ခဲ့ရင် အောက်ကပုံအတိုင်း Register လုပ်ဖို့ အကွက်ကလေးပေါ်လာပါမယ်။
အနီရောင်လေးထောင်ကလေးနဲ့ ပြထားတာဟာ ကိုယ်ဟာ Register ဆိုတဲ့ စာမျက်နှာထဲ ရောက်နေပြီလို့ လေးထောင့်ကွက်လေး ပေါ်နေတဲ့နေရာလေ။ အဲဒီမှာ ဖြည့်စွက်လုပ်ဆောင်ရမယ့်နေရာတွေကို နံပါတ် 1 ကနေ 8 အထိ ပြပေးထားပါတယ်။
1 က ကိုယ့်စာရင်းဝင်နာမည်ကို ပေးဖို့ဖြစ်ပါတယ်။ ကြိုက်ရာပေးနိုင်ပါတယ်။ 2 ကတော့ ကိုယ့်အီးမေးလ်လိပ်စာကို မမှားအောင် ရိုက်ထည့်ရမှာဖြစ်ပါတယ်။ 3 ကတော့ Password ပေးဖို့ပါ။ အဲဒီ Password ကိုပဲ နံပါတ် 4 မှာ တခါ ထပ်ရိုက်ထည့်ပါ။ 5 ကတော့ ကိုယ့် Profile နာမည် ပေးဖို့ဖြစ်ပါတယ်။ 6 ကတော့ တက်ရောက်နေတဲ့ကျောင်းကို ဖြည့်ပေးဖို့ပါ။ ဒါမှ နောင်မှာ ဘယ်အရွယ်နဲ့ ဘယ်သင်ခန်းစာတွေနဲ့ဆိုင်တဲ့ အချက်အလက်အသစ်တွေကို အီးမေးလ်ပို့ Update လုပ်ပေးရမလဲဆိုတာ သိနိုင်မှာပါ။ 7 ကတော့ Register လုပ်ကတည်းက Chat (Burmese App) မှာ စာရင်းဝင်တစ်ယောက်အနေနဲ့ Group တွေထဲ ဝင်ဆွေးနွေးခွင့် ရှိပါမယ်။ အဲဒီမှာ အချင်းချင်း ကိုယ်လုပ်လိုတဲ့ နှီးနှောတိုင်ပင်တာ ၊ အကြံဥာဏ်ပေးတာ ၊ ရင်ဖွင့်တာ ၊ ဖြေသိမ့်ပေးတာတွေ လုပ်လို့ရမယ်လေ။ 8 ကတော့ အကုန်ပြီးရင် အဲဒီမှာ ကလစ်နှိပ်လိုက်ရုံပါပဲ။ အဖြူခံမှာ အဖြူရောင်စာလုံးမပေါ့်တပေါ်နဲ့ ရေးထားလို့ Complete Sign up လို့ မပေါ်တာဖြစ်ပါတယ်။ တကယ်တော့ Register လုပ်ခြင်း အပြီးသတ်လုပ်ဆောင်ချက်အနေနဲပ အဲဒီမှာ ကလစ်နှိပ်လိုက်ရင် စာရင်းဝင်ဖြစ်ပြီလေ။
အဲဒီအခါ Blog နဲ့ တတန်းတည်းပေါ်နေတဲ့ My Courses ဆိုတဲ့နေရာမှာ ကလစ်နှိပ်လိုက်ရင် ကိုယ်သင်ယူချင်တဲ့ သင်ခန်းစာပေါ်မယ်။ တခါတလေ ကြောင်ပြီးပေါ်မလာရင် စာမျက်နှာကို Refresh လုပ်တဲ့အနေနဲ့ ဝက်ဘ်ဆိုက်ဒ်ရိုက်ထည့်တဲ့နေရာမှာ ကီးဘုတ်ကနေ Enter တချက်ရိုက်လိုက်ပါ။ အဲဒီအခါ သင်ခန်းစာပေါ်လာပြီး Start taking this Course ဆိုတဲ့နေရာမှာ ကလစ်နှိပ်လိုက်ရင် သင်ခန်းစာတွေကို သင်ယူလို့ရပါပြီ။
သင်ခန်းစာတွေက တခါတလေ တခုပြီးမှ တခုလေ့လာရတာမျိုးရှိတယ်။ သင်ခန်းစာတွေ ကျော်လေ့လာမယ်ဆိုရင်တော့ အောက်ဖက်နားက Complete မှာ ကလစ်နှိပ်ပြီး Next နဲ့ ကိုယ်လိုချင်တဲ့ သင်ခန်းစာရောက်တဲ့အထိ ကျော်သွားရုံပဲလေ။ အတတ်နိုင်ဆုံး အဆင်ပြေအောင်တော့ ကြိုးစားထားပါတယ်။ အဆင်မပြေတာရှိရင် အခုမှအစ ကြိုးစားလုပ်နေရတာမို့ နားလည်သည်းခံပေးပါနော်။ လိုအပ်တဲ့ အကြံဥာဏ်တွေကိုလည်း ပေးနိုင်ပါတယ်။ အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ရတု (Burmesehearts.com)