ရင်ထဲမှာရှိခဲ့တဲ့ အချစ်
သံယောဇဉ်ငြိမိတဲ့အဖြစ်
ကိုယ်စီရှိကြတဲ့စွဲလမ်းမှုတွေကို
မာနတွေအရောင်ဆိုးလို့
အတ္တကကြားခံ
ပွင့်လင်းရာမရောက်တဲ့စကားလုံးတွေအလယ်
ယုံကြည်မှုပျောက်လို့ သံသယအလည်ဝင်တော့
နားလည်မှုမှောက်ခဲ့တဲ့အဖြစ်ရဲ့နောက်ဆုံး ...
ကန့်လန်ကာချခဲ့တဲ့ တို့အချစ်နိဂုံး။
ဇူဇူးစံ (Burmesehearts.com)
Read More...